Events
ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော် ကျင်းပမည်
Updated At: 2025-05-14 12:06:42
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ-တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်း “Bridging Tastes” ခေါင်းစဉ်ဖြင့် ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲအတွက် အောက်ပါတို့ကို ဖော်ပြထားပါသည်-
၁။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအား ဒူးရင်းသီးနှင့် ဒူးရင်းသီးအခြေခံထုတ်ကုန်များ (သို့မဟုတ်) အခြားစားသောက်ကုန်များကို ပြသရန် ဖိတ်ခေါ်လိုကြောင်း၊
၂။ ACC မှ သက်ဆိုင်ရာ သံရုံးများအတွက် ပြသစင် (Booth) တစ်ခု အခမဲ့စီစဉ်ပေးမည်ဖြစ်ကြောင်း၊
၃။ ပါဝင်ပြသလိုသည့် သံရုံးများအနေဖြင့် ACC မှ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန် အတွက် Survey Questionnaire နှင့် QR Code Form များကို ၃၀-၅-၂၀၂၅ ရက်နေ့၊ နောက်ဆုံးထား ဖြည့်စွက်ရမည်ဖြစ်ကြောင်း၊
၄။ ASEAN-China Centre – ACC အနေဖြင့် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ လာရောက်ပြသလိုပါက မြန်မာသံရုံးအတွက် စီစဉ်ပေးထားသည့် ပြသစင်နေရာတွင် ပါဝင်ပြသနိုင်ပြီး အသွားအပြန် လေယာဉ်လက်မှတ်ခနှင့် တည်းခိုနေထိုင်စရိတ်များကို မိမိအစီအစဉ်ဖြင့် ကျခံရမည်ဖြစ်ကြောင်း။
ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်သို့ မြန်မာလုပ်ငန်းရှင်များအနေဖြင့် လူကိုယ်တိုင်တက်ရောက်၍သော်လည်းကောင်း၊ လူကိုယ်တိုင်မတက်ရောက်နိုင်ပါက ပြသလိုသည့် ထုတ်ကုန်ပစ္စည်းများကို ပံ့ပိုးပေးခြင်းဖြင့် ပါဝင်ပြသနိုင်ပါကြောင်းနှင့် ပါဝင်တက်ရောက်ပြသလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၃၊ email: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026